Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Website Guide. Show all posts
Showing posts with label Website Guide. Show all posts

Online Gif Animator

Blog မှာ Gtalk gadget လေးထဲ့ကြစို့



အခုတော့ Gtalkကို ဘလောခ့်မှာ ထည့်လို့ရပါပြီ။ Google က ဘယ်တုန်းက စပြီးလုပ်ပေးလိုက်လည်းတော့ မသိဘူး။ သိပ်တော့ မကြာသေးလောက်ဘူး ၂ လ ၃ လလောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျွန်တော့်ဆိုဒ်ဘားမှာ About Me ဆိုတဲ့ဘေးမှာ ထည့်ထားပါတယ်။ သူက online status အပြင် ကိုယ့်ရဲ့ custom message ပါပြပေးနိုင်တယ်။ ထည့်ချင်ရင်လွယ်ပါတယ် Gtalk Badge မှာ ကိုယ့် Google account နဲ့ log in ၀င်ပြီးရင် ရပြီ။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းနဲ့ ကုဒ်ကိုယူပြီးထည့်ရုံပဲ။ ဘလောခ့်မှာ ထည့်ထားမယ်ဆိုရင် reader က Google account မရှိလည်း chat လို့ရပါတယ်။ Reader က အဲဒီ badge ကို ကလစ်လုပ်ရင် ကျွန်တော့်တို့ရဲ့ Gtalk မှာ url တစ်ခုနဲ့ “Someone clicked on your chatback badge” ဆိုတဲ့ box တက်လာပြီး လာပြောပါတယ်။ အဲဒီလင့်ကို နှိပ်လိုက်ရင် browser ကနေ Gtalk gadget page ကိုခေါ်သွားပြီး new window နဲ့ chat box ပေါ်ပြီး စ chat လို့ ရပါတယ်။ အဲဒီမှာ smiley တွေ အလုပ်လုပ်ပါတယ် နောက်အခြားကိုယ့်ရဲ့ ရှိပြီးသား သူငယ်ချင်းတွေနဲ့လည်း chat လို့၇ပါတယ်။ ဒါလေး ထည့်ထားခြင်းအားဖြင့် ကိုယ့် blog readers တွေရဲ့ ထင်မြင်ချက်ကိုသိနိုင်သလို readers တွေနဲ့ ရင်းနှီးမှုရနိုင်တယ်လို့ ထင်မိပါတယ်။ပျော်ရွှင်ပါစေ။ ။
Create Your Gtalk Badge Here

အွန်လိုင်းကနေ ဘာသာပြန်မယ်

ဘာသာစကား  ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေးနိုင်သော
ဝက်ဘ်ဆိုက်တစ်ခု  လွှတ်တင်ထားပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများအတွက်
လွယ်ကူအဆင်ပြေစေကြောင်း ၆-၆-၂၀၁၁ ရက်က သိရသည်။ ယင်းဘာသာစကား ၂၄ မျိုးမှာ
အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊
  ရုရှား ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊
ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish
ဘာသာစကားများဖြစ်ပြီး အဆိုပါ ဘာသာစကား၂၄ မျိုးကို မြန်မာဘာသာသို့
ပြန်ဆိုရန် http://www.myordbok.com/ သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
“ဝင်ပုံက လွယ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ
ဘာသာပြန်ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်လိုက်ရုံပဲ။
ပြီးရင် Enter ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း လိုသလို
ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ ဝက်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက
ရှင်းပြသည်။ အဆိုပါ http://www.myordbok.com/သို့ ဝင်ရောက်လေ့လာကာ
ဘာသာပြန်လိုသူများအနေဖြင့် ဘာသာမပြန်မီ အဆိုပါဆိုက်၏ လုပ်ဆောင်ချက်များကို
ကြိုတင်လေ့လာသင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက်
သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လ ပထမပတ်အတွင်းမှာပင်
အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့ထုတ် ပြည်မြန်မာ
ဂျာနယ်တွင် ဖော်ပြထားပါသည်။

IP address ဖြင့် နေထိုင်သည့်နိုင်ငံကြည့်နည်း

မိုက်ခရိုဆော့ဖ်က ဝင်းဒိုး ၈ ကို ထုတ်လွှတ်

မိုက်ခရိုဆော့ဖ်က ဝင်းဒိုး ၈ ကို ထုတ်လွှတ်

 
မိုက်ခရိုဆော့ဖ်၏ မျိုးဆက်သစ် operating system, Windows 8 ကို လွှတ်တင်လိုက်ပြီဖြစ်သည်။ ၎င်းအား ဒေါင်းလုတ်လိုပါက developer preview ဗားရှင်း OS ကို ယခု ရရှိပြီဖြစ်သည်။

မိုက်ခရိုဆော့ဖ်က OS သစ်ကို Anaheim တွင် ၎င်း၏ Build Conference ၌ ထုတ်ဖော် ပြသခဲ့သည်။ မိုက်ခရိုဆော့ဖ်၏ flagship ထုတ်ကုန်အား ပြန်လည်တည်ဆောက်ထားသည့် ထို OS သည် tablets နှင့် PCs များ နှစ်ခုလုံးဖြင့် လုပ်ဆောင်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ဝင်းဒိုး ၈ အား 32 bit သို့မဟုတ် 64-bit x86 machine ပေါ်တွင် install နိုင်သည်။ Activation လုပ်စရာ မလိုပေ။ သို့သော် ၎င်း OS သည် နောက်ဆုံးဗားရှင်းနှင့် အတန်ပင်ကွာဟနေပေမည်။ သင်က install လုပ်လိုလျှင်၊ အမှားများ (bugs)နှင့် glitches များရှိမည်ဟု မျှော်လင့်ရသည်။ မည်သို့ပင်ဖြစ်စေ မိုက်ခရိုဆော့ဖ်၏ Windows 8 လမ်းညွှန်မှုအား အတိအကျ ကြည့်ရှုသင့်ပြီး ထိုသို့အားဖြင့် ဝင်းဒိုး ၈ ၏ အိုင်ဒီယာများကို ဖမ်းဆုပ်နိုလိမ့်မည်။

ဤနေရာတွင် window 8 အား ဒေါင်းလုတ်ခ်နိုင်သည်။

တော်တော်လေးကောင်းတဲ့ဆိုဒ်ကလေးပါ

www.sytexis.com/

စာသားတွေကို MP3 ပြောင်းပေးတဲ့ website

ဖိုင်လွှင့်ပစ်မရအောင်

ဖိုင်လွှင့်ပစ်မရအောင်

အလုပ်မှာသုံးဖို့ word, excel ဖိုင်တွေကို နာရီပေါင်းများစွာ ကြိုးပမ်းပြီးမှ ဖိုင်ပျက်စီးသွားလို့ ဖွင့်မရတော့တဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါ။ သည်အခါ ဖိုင်ကို အသစ်ကနေ ပြန်လုပ်ရုံပဲ ရှိတော့တာပေါ့။ ပျက်စီးနေတဲ့ office ဖိုင်တွေကို ဖွင့်ပေးမယ့် ၀က်ဘ်ဆိုက်တစ်ခု ရှိပါတယ်။
saveofficedata
ဖွင့်မရတဲ့ ဖိုင်တွေကို သည်ဆိုက်မှာ upload လုပ်ပါ။ word ဖိုင်ပဲဖြစ်ဖြစ်၊ xls, ppt ဘာဖိုင်မဆိုရပါတယ်။ သည်ဆိုက်ဟာ ဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီး စာသားတွေကို ရွေးထုတ်ပေးပါတယ်။ သည်တော့ စာပြန်ရိုက်စရာမလိုဘဲ ဖိုင်ကို save လုပ်နိုင်မှာပါ။ တစ်ခုရှိတာက သည်ဆိုက်ဟာ ပျက်စီးနေတဲ့ဖိုင်ကို ပြင်ဆင်ပေးတာ မဟုတ်ပါဘူး။ ဖိုင်ထဲက စာသားတွေကိုချည်း ပြန်ထုတ်ပေးတာပါ။

ဒေတာတွေကို ပြန်ရဖို့သုံးကြည့်နိုင်တဲ့ လိပ်စာကတော့ www.saveofficedata.com ပါ။

Wireless Connection Problems ကို ဖြေရှင်း ကြည့်ချင်း

Wireless Connection Problems ကို ဖြေရှင်း ကြည့်ချင်း


         ကျွန်တော့်ကို အကိုတစ်ယောက်က အကူညီတောင်းလာလို့ သူ့စက်က ဖြစ်နေတဲ့ Problems ကိုပေါ့ ။ ကွန်နက်ရှင်က ဝင်တော့ဝင်လာတယ် ။ ဒါပေမယ့် ကွန်ပျူတာဖွင့်ပြီး ဆယ်မိနစ်လောက်ကြာမှကို အော်တိုပွင့်လာတဲ့ အဲဒီတောတွင်း ဘာမှလည်းဖွင့်လို့ရဘူးတဲ့ Gtalk ကို ဒီတိုင်းပဲ ဖွင့်ထားနေရတယ် ။ ဖြစ်ပုံတော့... ပြောတာက ဆောပ်ဝဲလ်တစ်ခုကို ဒေါင်းလုပ်ဆွဲပြီး Run မိတာတဲ့ ။ သူငယ်ချင်းတစ်ယောက်လည်းဖြစ်တာတဲ့ ။ သူ့ထက်အရင်ပေါ့ ... ကွန်ပျူတာ Screen တစ်ခုလုံးမှောင်သွားပြီး Safe Mode ဖြစ်သွားတာတဲ့ ။ ပြောချင်တာက ဆောပ်ဝဲလ်ကို ဒေါင်းပြီးသိပ် Run ဖို့ပဲ ။ ကိုယ်မသိရင် သူများလည်း သိပ်အသုံးမများရင် ခပ်ဆန်းဆန်းလေးတွေတွေ့တိုင်း မဒေါင်းစေချင်ဘူးဗျာ ။


       ခုကျွန်တော် အပြောက ခေါင်းစဉ်အတိုင်းပဲ Wireless Connection Problems ကို အဖြေရှာကြည့်တာပေါ့ ။ အဲဒီအကိုအတွက် မရရင်တောင် ကျွန်တော်တို့ ဖြစ်လာရင် သုံးလို့ရတာပေါ့ ။

ပထမဆုံး ဒါလေးကို အရင်ဒေါင်းလုပ်လိုက်ပါ ။ အဲဒီဖိုင်ဖြေလိုက် ပြီးရင် ဆက်မယ်....




 


ပြီးရင်တော့ အစဉ်လိုက်ပဲဗျာ....


Start Menu -> Control Panel, click Administrative Tools.







ပြီးရင် Task Scheduler ကို နိပ်လိုက်ပါ ။




အဲဒီမှာ Import Task ကို နိက်ပါ ။




အဲဒါကို နိပ်ရင် ဖိုင်တွေကို ဖွင့်ဖို့ Box တစ်ခုတက်လာမယ်... စောနက ဒေါင်းထားတဲ့ဖိုင်က Wifi (Stop) ကို အရင်ထည့်ဖွင့်လိုက်ပါ ။




ပြီးရင်တော့ OK လိုက်ပါဗျာ ။




ပြီးရင်တော့ ခုလိုမျိုးပဲ ။ စောစောက ဒေါင်းထားတဲ့ File ထဲက ခုနည်းအတိုင်းပဲ ပြန်ဖွင့်ပေးလိုက်ပါ ။ Wifi Restart ကိုပေါ့ဗျာ ။ အစဉ်လိုက်သွားပြီး Wifi(Restart) ကို ဖွင့်တာပါ ။ အဆင်ပြေကြပါစေဗျာ ။

ကွန်ပျူတာ ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ ? သိပြီလား

ကွန်ပျူတာ ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ ? သိပြီလား


       ကျွန်တော်တို့တွေ ကွန်ပျူတာ သုံးနေတယ်ဗျာ ။ တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တယ် ။ ငါထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ။ ထပြီးတော့ လမ်းလျောက်သင့်ပြီလားလို့ပေါ့ ။ နာရီကို Alarm ပေးထား မလိုပါဘူး ။ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ မှာပဲ ကြည့်ကြရအောင်ဗျာ ။ လွယ်လွယ်လေးပါ ။ သိပြီးသားဆိုရင်လည်း.... ခွန်မောင်ပန်က ခုမှ သိတယ် တော်တော် သနားစရာကောင်းတာပဲလို့ တွေးလိုက်ပေါ့ဗျာ ။ သိပြီးသား.... ဆိုတဲ့ စကားထက် ပိုကောင်းမယ့် စာသားထင်လို့ပါ ။









  မသိသေးတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြလိုက်မယ်နော်....

ပထမတစ်နည်းက Task manager ကို ခေါ်ပြီးတော့ ကြည့်တာပါ ။ ပထမဆုံး Ctrl + Shift + Esc Or Ctrl + Shift + Del ကို ခေါ်လိုက်ပါ ။ ပြီးရင်တော့  Performance က Up time ကို ကြည့်လိုက်ပါဗျာ ။ မိမိသုံးနေတဲ့ အချိန်က အချိန်နဲ့အမျှ မှတ်သားနေတာပါ ။ ဒါက Window 7 အတွက်ပါ ။






Window XP သမားတွေအတွက်တော့  Run box ကနေ ကြည့်တာပါ ။ကျွန်တော့် XP မဟုတ်တဲ့ အတွက် ရေးတဲ့အတိုင်းရေး ဆက်ရေးတာပါဗျာ ။

Run box  မှာ systeminfo လို့ ရိုက်ပြီးတော့ Enter လိုက် ခဏစောင့်ပေးလိုက်ဗျာ ...


 




ခဏလေးစောင့်ပေးပြီးရင်တော့ အချက်အလက်တွေ တက်လာပါလိမ့်မယ်ဗျာ... အဲဒီမှာ System up time ကို ကြည့်ကြည့်လိုက်ပါဗျာ ။ ဒါက နေ့တောင် အဆစ်ပါသေးတယ်ဗျာ ။


Window ဘယ်တုန်းက တင်ခဲ့လဲ ဆိုတာကို ကြည့်ရအောင်

Window ဘယ်တုန်းက တင်ခဲ့လဲ ဆိုတာကို ကြည့်ရအောင်


ဒီနည်းတော့ မသိသေးတဲ့ သူတွေအတွက်ပါ ။ ကိုယ့်ဝင်ဒိုးကို ဘယ်တုန်းက တင်ခဲ့လဲဆိုတာကိုပေါ့ဗျာ ။ လွယ်လွယ်လေးပါ ။ ကျန်တဲ့ အချက်အလက်လေးတွေလည်း ပါပါသေးတယ် ။ မိမိရဲ့ ကွန်ပျူတာ အကြောင်းကိုတော့ သိထားသင့်တာပေါ့ဗျာ ။ သူများ လာမေးရင် ပြောပြလို့တတ်အောင်ပေါ့ ။



ကျွန်တော်လည်း ကောင်းကောင်း မသိသေးပါဘူးဗျာ ။ သိသမျှလေးကိုပဲ ပြန်မျှနေတာ :D

Run >>>>(Window + R )>>>CMD>>>Enter>>>>systeminfo>>>Enter လို့ အစဉ်လိုက် ရိုက်သွားလိုက်ရုံပါပဲဗျာ ။ ခက်ပါဘူး ။





ကဲ ကြည့်ပေတော့ မိမိကွန်ပျူတာ အကြောင်းကို....




Right လင့် မပေးတဲ့ ဆိုဒ်ကို Right လင့်မယ်

Right လင့် မပေးတဲ့ ဆိုဒ်ကို Right လင့်မယ်


ကျွန်တော်တို့ တွေတွေ့ ဖူးကြမှာပါ ။ ဆိုဒ်တစ်ချို့တွေမှာ မကော်ပီရ...Right လင့်မရတာလေ ။ ခု ကျွန်တော်က

အဲဒါကို ဘယ်လိုကျော်ဖြတ်ပြီး Right မလဲပေါ့ ။ လွယ်ပါတယ်ဗျာ ။ ဒီပိုစ့်ရဲ့ ဓါတ်ပုံအဖြစ်သုံးထားတဲ့ အဖြူရောင်နတ်သမီးကိုလည်း ဒီနေရာကနေတောင်းပါန်ပါတယ်ဗျာ ။ ဟီး ..... ။ သူ့ဆိုဒ်ကို လက်တွေ့လုပ်ပြထားမှာမို့လို့ကို ။



လုပ်ချင်တယ်ဆိုရင်တော့ စမ်းကြတာပေါ့ဗျာ ။

ပထမဆုံး Firefox နဲ့ အရင် လုပ်ကြမယ်....

Option ကို သွားပါ ။ Tool>>>>>Option>>>>>ကို သွားပါ ။



ပြီးရင် Box လေး တစ်ခုတက်လာမယ် ။ အဲဒီမှာ ....

Content >>>>>  Enable JavaScrpit  က အမှတ်စက်ကို ဖြုတ်ပေး လိုက်ပါ ။



ကဲ...ပြီးပါပြီဗျာ ။ Right click မပေးလင့်တဲ့ ဆိုဒ်ကို လင့်ကြည့်လိုက်ပါ ။




ဒါက Firefox နဲ့လုပ်တာပါ ။ 




Internet Explorer Browser နဲ့လုပ်ချင်တယ် ဆိုရင်တော့ ...


ပထမဆုံး Internet Option ကို သွားပါ ။





ကဲ ပြီးရင်တော့ Internet Options တက်လာမယ် ။ အဲဒီမှာ Security က  Custom Level ကို နိပ်လိုက်ပါ ။



Scripting က Disable ကို အစက်ပြောင်းထည့်ပေးလိုက်ပါ ။



ကဲ ပြီးပြီဆိုရင်တော့ Internet Explorer Browserကို Restart ချပြီးတော့ ပြန်ဖွင့်ကြည့်လိုက်ပါ ။ Right လင့်ရနေပြီ ဆိုတာကို တွေ့ရလိမ့်မယ် ။





နောက် Google Chromeအတွက်တော့ .....

ကျွန်တော်က မသုံးတဲ့ အတွက် လက်တွေပုံတွေနဲ့ မလုပ်ထားပါဘူးဗျာ ။ ဒါကြောင့် စာတွေနဲ့ပဲ ရေးလိုက်ပါတယ် ။

  1. Click on the Wrench Icon on the top right side on your browser.
  2. Click on Options
  3. Now goto Under the Hood tab
  4. Click on Content Setings and then on JavaScript
  5. Disable java script and open the website

Online reader










1. Google Docs








 





2. Zoho Viewer








 





3. PDFMENOT








 





4. Samurajdata 



 


အကြိုက်ဆုံးပေါ့ ဒီဆိုဒ်ကို တော်တော်လေးမိုက်တယ် ။









5. PDFescape



flash သီချင်းကို ဘယ်လို ဒေါင်းမလဲ

flash သီချင်းကို ဘယ်လို ဒေါင်းမလဲ


ဒါတော့ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတင်တာပါ ။ အကိုတစ်ယောက်က အကူညီတောင်းနေလို့ ။ ကျန်တဲ့ မသိသေးတဲ့သူတွေလည်း ဒေါင်းလို့ရအောင်ပါဗျာ ။ ဒါတော့ ကျွန်တော်ဒေါင်းနေတဲ့နည်းပေါ့ဗျာ ။

ကဲ ဒေါင်းချင်တယ်ဆိုရင် လုပ်ကြည့်လိုက်ပါ ။ လွယ်ပါတယ် ။



ပထမဆုံး ကိုယ်ဒေါင်းချင်တဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး URL ကို ကူးလိုက်ပါ ။



ပြီးရင်...Internetdownloadmanager ကို ဖွင့်လိုက်ပါ ။ ပြီးရင် Add URL ကို နိပ်လိုက်ပါ ။ လင့်က ကော်ပီပြီးသားဆိုရင် Link က Auto ဝင်နေပါလိမ့်မယ်.....



အဲဒါကို အိုခေပေးလိုက်ပါ ။ ဒေါင်းလုပ်ဖို့ တက်လာလိမ့်မယ်....ကျန်တာတော့ သာမန်သီချင်းတစ်ပုဒ်ကို ဒေါင်းသလိုပဲလုပ်ဖို့ရှိတော့တယ်...Start Download ရုံသာ ။



ပြီးရင်တော့ flash သီချင်းတစ်ပုဒ်ဒေါင်းလို့ပြီးပါပြီဗျာ ။ ဖွင့်လိုက်ရုံပါပဲ ။ Swf file နဲ့ပါ ။ ကျန်တဲ့ Format ကို ပြောင်းချင်ရင်တော့ ဆောပ်ဝဲလ်တွေရှိပါတယ် ။မြန်မာဆိုဒ်တွေမှာ တော်တော်တွေ့ရတယ် ။လိုက်ဒေါင်းပြီးတော့ မိမိလိုချင်တဲ့ Format ကို ပြောင်းရုံသာ ။



ဒီလိုမျိုး သီချင်းကို နားထောင်နိုင်ပါပြီဗျာ ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။

ကွန်ပြူတာကို ပိတ်မယ် ၀ှက်မယ်

ကွန်ပြူတာကို အချိန်နဲ့ပိတ်ခိုင်းခြင်း။
ကျနော်တို့ windows အထဲမှာ အလိုအလျှောက်ပါတဲ့ ကွန်ပျူတာကို ပိတ်စေတဲ့ နည်းလမ်းလေးတခုပါပါတယ်။ အဲဒါလေးကို ကျနော်ပြောပြမယ်ဗျာ။ သိပြီးသားဆိုရင်တော့ ဆော်ရီပဲ။ မသိသေးသေးတဲ့ လူတွေကို အဓိက ရည်ရွယ်ပါတယ်။
အယင်းဆုံး Start>Run (or) Windows (key) + R ကို ဖွင့်လိုက်ပါ
ပွင့်လာတဲ့ box အထဲမှာ cmd လို့ရိုက် Enter (or) OK လုပ် command prompt ထဲကိုရောက်သွားလိမ်မယ်။
အဲဒီအထဲမှာ shutdown -s -t 3600 လို့ပေးလိုက်ပါ။ 3600 က စက္ကန့်ကိုပဲ ပြောတာနော်။ ကို ပိတ်ချင်သလောက်ကို ရိုက်ထည့်ပေါ့။
အဲဒီအချိန်ကျရင် အလိုလို ပိတ်သွားလိမ်မယ်။

အကယ်လို မပိတ်စေချင်ဘူး၊ ပြန်ဖျက်ချင်တယ်ဆိုရင်shutdaon -a လို့ပဲ ပြန်ရိုက်ပေးလိုက်။ ဒါဆို အိုကေသွားလိမ်မယ်။ တခါတလေ သီချင်းနားထောင်ပြီး အိပ်ချင်တယ်ဆိုရင်တော့ ကွက်တိပဲ။ အဲ  … ဒါပေမယ် Auto shutdown ဆိုတဲ့ Software လည်းရှိတယ်နော်။ဒါကတော့ ပိတ်တဲ့နည်းပါ။
ကဲ နောက်တနည်း >>>>Software မသုံးဘဲ Folder ကိုဝှက်ထားနည်းလေးပါ…
တခါတလေ သူများကို မပြချင်တဲ့ ဖိုင်တွေကို ၀ှက်ထားတဲ့အခါ  ဒီနည်းကို ကျနော်သုံးပါတယ်။
ဂရုစစ်ပြီးတော့ ဖတ်ဗျာ။ သိတဲ့ဘော်ဒါတွေအတွက်ကတော့ ဆော်ရီနော်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်ပါ။ :D
မိမိနှစ်သက်ရာHard Drive တစ်လုံးထဲမှာ folder တစ်ခုလုပ်လိုက်ပါ..
၎င်းfolder လေးကိုနာမည်တစ်ခုခုပေးလိုက်ပါ..
ဥပမာ..C: Drive အထဲမှာ folder name က 111 ဆိုပါတော့ ..(Floder name ကိုတော့ ကိုယ်ကြိုက်တာပေးပေါ့။)
တည်နေရာက Drive (C)မှာဆိုပါတော့ဗျာ..လုပ်ပြီးပြီဆိုရင် အောက်ပါနည်းအတိုင်း..
လုပ်ပါ..Start–>Run –> (or) Win + R ကိုသွားပါ.
.Run ဘောက်ပေါ်လာရင်
အထဲတွင်..Attrib +s +h C:\111လို့ရိုက်ထည့်ပါခင်ဗျာ..ပြီးရင် Enter..
ခေါက်လိုက်ပါ..ဒါဆိုရင်စောစောကမိတ်ဆွေလုပ်ထားတဲ့..111 folder လေးကို
သွားရှာကြည့်ပါ..မတွေ့တော့ပါဘူးခင်ဗျာ.
ပြန်ဖေါ်ချင်ရင်တော့..
Start–>Run –>ထဲမှာပဲ Attrib -s -h C:\111 ဆိုပြီးပြန်ရိုက်လိုက်ပါ
စောစာကအတိုင်းပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ..ဒီနည်းအတိုင်းကိုယ့်ရဲ့ဖိုင်များကို
အလွယ်တကူဖျောက်ထားနိုင်ပါတယ်ခင်ဗျာ..

Windows Registry မြန်မာလို

Windows Registry မြန်မာလို

Windows Registry မြန်မာလိုစာအုပ်ပါ
မ၇ှိသေးတဲ့သူငယ်ချင်းများအောက်မှာယူနိုင်ပါတယ်။
ရေးသားသူ = မောင်ထူးချွန်

Password >> keekee

Photobucket

Download